ရန်ကုန်တိုင်းဒေသကြီးတွင် အနာကြီးရောဂါကာကွယ်ကုသခြင်းဆိုင်ရာ မွမ်းမံသင်တန်းကျင်းပပြုလုပ်

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၄)ရက်

     (၄.၈.၂၀၁၉)ရက်နေ့၊ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် အခြေခံကျန်းမာရေးပညာရှင်များဖြစ်ကြသော ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁)နှင့် ကြီးကြပ်(၂)တို့အား အနာကြီးရောဂါကာကွယ်ကုသခြင်းဆိုင်ရာ  မွမ်းမံသင်တန်းကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးသန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


    သင်တန်းဆရာများအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး (အနာကြီး) ဒေါက်တာမျိုးကိုကိုဇော်နှင့် ဗဟိုအထူးအရေပြားကုဌာန (CSSC)မှ အရေပြားအထူးကုဆရာဝန် ဒေါက်တာလင်းထက်နှင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် (တီဘီ/အနာကြီး)များက သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးသန့်၊ အနာကြီးရောဂါတိုက်ဖျက်ရေးစီမံချက် (နေပြည်တော်)မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများအပါအဝင် စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags