ရန်ကုန်တိုင်းဒေသကြီးတွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (၁/၂၀၁၉) အစည်းအဝေးပြုလုပ်

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၅) ရက်

     (၁-၈-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (၁/၂၀၁၉) အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က တိုင်းဒေသကြီးအနေဖြင့် အစားအသောက် နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရာတွင် ပိုမိုထိရောက်စေရန် လမ်းညွှန်ချက်များကို တင်ပြ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီ၏ (၄)လတာ ဆောင်ရွက်မှုများကို ပြန်လည်လေ့လာဆန်းစစ်ခဲ့ကြပါသည်။ ပုံမှန်အားဖြင့်လည်း ကော်မတီအစည်းအဝေးကို (၄) လ တစ်ကြိမ် ဆောင်ရွက်လေ့ရှိပါသည်။

 

     အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags