ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းကျင်းပပြုလုပ်

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၂)ရက်

     (၂.၉.၂၀၁၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး Panda Hotel, Ruby Hall တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြောင်းလဲလာသော ကျန်းမာရေးအသိပညာဆိုင်ရာ နည်းပညာ (Health Literacy) အခြေခံ သဘောတရားများကို သိရှိလာရန်နှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းတွင် လက်တွေ့အသုံးချနိုင်မည့် ပို့ချဆွေးနွေးမှုပုံစံ (Micro Teching and Teach-back) များကို ပြုလုပ်ရန် ရည်ရွယ်ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ ကျန်းမာရေးအသိပညာမြှင့်တင်ရေးကို အဓိကလုပ်ဆောင်နေကြသော လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။


     အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်၊ ရန်ကုန်တိုင်းဒေသကြီးမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ဌာနခွဲ (နေပြည်တော်)မှ တာဝန်ရှိသူများနှင့်  သင်တန်းသူ/သင်တန်းသားများ အပါအဝင် စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags