ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတွင် အသစ်ခန့်အပ်မည့် သစ်လွင်သူနာပြုများနှင့် တွေ့ဆုံပွဲကျင်းပ

ရန်ကုန်မြို့                       ဇန်နဝါရီလ (၁၈)ရက်

     (၁၈.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတွင် အသစ်ခန့်အပ်မည့် သစ်လွင်သူနာပြုများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသစ်ခန့်အပ်မည့် သစ်လွင်သူနာပြု (၉၇)ဦးတို့ တက်ရောက်ခဲ့ကြ ပါသည်။


 

     တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက အမှာစကားပြောကြားရာတွင် သစ်လွင်သူနာပြုများအနေနှင့် ပြည်သူလူထုနှင့်ဆက်ဆံရေးကောင်းမွန်စေရန်၊ အကောင်းမြင်စိတ် မွေးမြူကြရန်၊ အမိန့်နာခံတတ်ပြီး အလုပ်တာဝန်များကို ကြိုးစားလုပ်ဆောင်တတ်စေရန်၊ ဝန်ထမ်း ကျင့်ဝတ်နှင့်သူနာပြုကျင့်ဝတ်များကို လေးစားလိုက်နာတတ်စေရန်၊ စည်းကမ်းလိုက်နာပြီး အချိန် တိကျတတ်စေရန်၊ လူနာများကို စေတနာထားပြီး ပြုစုကုသတတ်စေရန်စသည်ဖြင့် မှာကြားခဲ့ပါသည်။

      ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဝင်းကြည်က သစ်လွင်သူနာပြုများထံ အလုပ်ခန့်အပ်လွှာများပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသစ်လွင်သူနာပြု (၉၇)ဦးအား ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုတင်(၂၀၀)အဆင့် ဆေးရုံများမှ တိုက်နယ်ဆေးရုံများအထိ စုစုပေါင်း ဆေးရုံ(၂၀) တွင် တာဝန်ချထားခဲ့ပါသည်။

More Tags