ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတွင် ဒလမြို့နယ်မီးဘေးသင့် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ နိုဝင်ဘာလ (၈) ရက်၊ ၂၀၁၉ခုနှစ်

     (၈.၁၁.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒလမြို့နယ် မီးဘေးသင့် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးတို့က အမှာစကားပြောကြားခဲ့ပြီး မီးဘေးသင့်ခဲ့သော ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ကလေးဆေးရုံကြီးတို့မှ ဝန်ထမ်း (၅) ဦးအား တစ်ဦးလျင် (၁၀) သိန်းကျပ်စီ ထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။

 

     အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မီးဘေးသင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags