ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဉီးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ်သော Electronic Monthly Implementation Reporting System သင်တန်းကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

     ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ငွေစာရင်းတာဝန်ခံများအတွက် Electronic Monthly Implementation Reporting System သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၈.၈.၂၀၁၉) ရက်နေ့မှ (၂၀.၈.၂၀၁၉) အထိ (၃) ရက်တာကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၈.၈.၂၀၁၉) ရက်နေ့ နံနက် (၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနခွဲမှ ဉီးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     သင်တန်းကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ငွေစာရင်းကိုင်များအနေဖြင့် ဌစပုံစံများကို သမာရိုးကျနည်းဖြင့် စာရင်းရေးသွင်းနေရာမှ Electronic System‌သို့ ပြောင်းလဲ၍ လွယ်ကူစွာအသုံးပြုတတ်စေရန်နှင့် စာရင်းဇယားများပေးပို့ရာတွင် ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ပါသည်။ အဆိုပါသင်တန်းပိတ်ပွဲအခမ်းအနားကို (၂၀.၈.၂၀၁၉) နေ့လယ် (၂) နာရီတွင် ကျင်းပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် တက်ရောက်ပြီး အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို နေပြည်တော်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနခွဲနှင့် ကမ္ဘာ့ဘဏ်တို့မှ သင်တန်းဆရာ (၁၀) ဉီး၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန (၂၈) ခုမှ ငွေစာရင်းတာဝန်ခံ (၇၇) ဉီး၊ စုစုပေါင်း (၉၀) ဉီးခန့်တက်ရောက်ခဲ့ပါသည်။

More Tags