ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ရန်ကုန်မြို့၊ မတ်လ (၂၁) ရက်

     (၂၁.၃.၁၉)ရက်နေ့ နံနက်(၇:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့် သည် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် အခြားဌာနဆိုင်ရာ အရာရှိကြီးများနှင့်အတူ လိုက်ပါပြီး၊ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။


 

     တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးအား ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး၊ ဆေးရုံအတွင်း လူနာများအား ကုသပေးနေမှုများ၊ ခွဲစိတ်ခန်းနှင့် မီးဖွားပြီးစလူနာများ ထားရှိမှု အခြေအနေတို့အား လိုက်လံရှင်းလင်း ပြသခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။


 

     ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိသော်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု ကြောင့် ဒေသဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အားနည်းခြင်း မရှိရလေအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယခုကဲ့သို့ ကွင်းဆင်းကြီးကြပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

More Tags