ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအတွင်းတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်ရောဂါဆိုင်ရာ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

     (၁၈-၉-၂၀၁၉)ရက်​နေတွင် ရန်ကုန်တိုင်း​ဒေသကီး ပြည်သူကျန်းမာ​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ​အ​နောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအတွင်းတွင် အိပ်ချ်အိုင်ဗွီ/​ အေအိုင်ဒီအက်ရောဂါဆိုင်ရာ ကာကွယ်​ရေးနှင့် ကုသ​ရေးလုပ်ငန်းများ ပိုမို​ကောင်းမွန်​စေရန်အတွက် အလုပ်ရုံ​ဆွေး​နွေးပွဲ ကျင်းပခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကီး ပြည်သူကျန်းမာ​ရေးဦးစီးဌာနမှ အ​နောက်ပိုင်းခရိုင်ကျန်းမာ​ ဒေါက်တာမျိူးသန်မှ အဖွင့်အမှာစကား​ပြောကားခဲ့ပြီး လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်​လာ​စေရန် တက်တက်ကွကွ ​ဆွေး​နွေးကရန် မှာကားခဲ့ပါသည်။ အစည်းအ​ဝေး၏ ရည်ရွယ်ချက်မှာ မြို့နယ်များမှ ​အေအာတီ ​ဆေး​ပေးဌာနများ၊ ဆင့်ပွားဌာနများ၊ မိတ်ဖက်အဖွဲ အစည်းများနှင့် ခုခံကျ/ကာလသား စီမံချက်တို ပူး​ပေါင်းဆောင်ရွက်မ ပိုမိုတိုးတက်လာပြီး လူနာများအား ကုသ​ပေးမ ပိုမို​ကောင်းမွန်လာ​စေရန်၊ တီဘီ/အိပ်ချ်အိုင်ဗွီ ​ရောဂါသည်များအား ရောဂါ (၂)မျိူးလုံးအား ပိုမို​ချောမွေစွာ ကုသနိုင်​စေရန် နှင့် အခက်အခဲများကို ဝိုင်းဝန်း​ဆွေး​နွေးက​ပြီး ရှေဆက်သွားမည့် လမ်းစဥ်များနှင့် ချမှတ်​ဆောင် ရွက်နိုင်​စေရန် ရည်ရွယ်ပါသည်။

 

     ဆက်လက်ပြီး ရန်ကုန်တိုင်း ခုခံကျ/ ကာလသားစီမံချက်မှ တိုင်းဆရာဝန်ကီး၊ ​ ဒေါက်တာတင်​မောင်ဇော်မှ ရန်ကုန်တိုင်းအတွင်းရှိ အိပ်ချ်အိုင်ဗွီ/​အေအိုင်ဒီအက် ကူးစက်မနှင့် ကုသနိုင်မအခြေအနေများကို တင်ပြဆွေးနွေးပြီး အ​နောက်ပိုင်းခရိုင်ခုခံကျ/ကာလသားစီမံချက်မှ အဖွဲ​ခေါင်းဆောင်ဆရာဝန် ​ဒေါက်တာမြတ်ဆုမွန်က အ​နောက်ပိုင်းခရိုင်အတွင်း အိပ်ချ်အိုင်ဗွီ/​အေအိုင်ဒီအက်​ရောဂါနှင့် ပတ်သက်၍ လက်ရှိလုပ်​ဆောင်ရွက်နေသော လုပ်ငန်းများ ​ရှေဆက်သွား မည့် လုပ်ငန်းစဥ်များအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

     ဆွေးနွေးညှိနှိုင်းပွဲသို ရန်ကုန်တိုင်း​ဒေသကီး ပြည်သူကျန်းမာ​ရေးဦးစီးဌာန၊ အ​နောက်ပိုင်းခရိုင်ခရိုင်ကျန်းမာ​ရေးဦးစီးဌာနမှူး ဒေါက်တာမျိူးသန်၊ အ​နောက်ပိုင်းခရိုင် အတွင်းရှိ မြိနယ်ပြည်သူကျန်းမာ​ရေးဦးစီးဌာနမှူးများနှင့် တာဝန်ခံဆရာဝန်များ၊ ခုခံကျ/ ကာလသားစီမံချက်မှ တာဝန်ရှိသူများ၊ WHO ၊ ICAP ၊ MDM ၊ Union မှ တာဝန်ရှိသူများ အပါအဝင် စုစု​ပေါင်း (၆၀)ဦးခန် တက်​ရောက်ခဲ့ကပါသည်။

More Tags