ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နယ်စပ်ဝင်ပေါက်များဖြစ်သော တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင်ယာယီကြားစခန်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီစဉ်ထားရှိမှုအခြေအနေများ

စစ်တွေ၊ အောက်တိုဘာ (၃၀)ရက်

     ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားပြီးနောက် ပြန်လည်ဝင်ရောက်လာသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် နယ်စပ်ဝင်ပေါက်များဖြစ်သည့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင်ယာယီကြားစခန်းတို့တွင် ရခိုင်ပြည်နယ်ကုသရေးဦးစီး ဌာနမှ ဆေးအဖွဲ့ (၃) ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး ဆေးခန်းဖွင့်လှစ်၍ တစ်ခုချင်းစီတွင် ပြင်ပ လူနာကုဌာနကို နေ့စဉ်(၀၉:၀၀) နာရီမှ ညနေ (၁၅:၀၀) နာရီအထိ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သောဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်း ကြိုတင်၍ ဖြည့်ဆည်းထားရှိပြီးဖြစ်ပါကြောင်း၊ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လမ်းညွှန်စံလုပ်ထုံးလုပ်နည်း (SOP) ကို ရေးဆွဲ၍ ပြန်လည်လက်ခံရေးစခန်းများကို ဖြန့်ဝေထားပြီး သံသယလူနာများ စစ်ဆေးတွေ့ရှိ ပါက အထက်အဆင့်များနှင့် စခန်းတာဝန်ခံတို့အား ချက်ချင်းသတင်းပို့ဆောင်ရွက်ရန် စီစဉ်ထားရှိ ပါကြောင်း သိရှိရပါသည်။

 

 

     ထို့အပြင် လှဖိုးခေါင်ယာယီစခန်းတွင် အရေးပေါ်သားဖွားခန်းတစ်ခု စီမံထားရှိပြီး တောင်ပြို လက်ဝဲဆေးရုံတွင်လည်း အရေးပေါ်မွေးဖွားနိုင်ရန် သားဖွားခန်းစီစဉ်ထားရှိပါကြောင်း၊ ငါးခူရပြန်လည် လက်ခံရေးစခန်းတွင် ICRC အဖွဲ့နှင့် ညှိနှိုင်း၍ သားဖွားခန်းတစ်ခန်း ဆောက်လုပ်လျက်ရှိရာ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလအကုန်တွင်ပြီးစီးမည်ဟု ခန့်မှန်းပါကြောင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု များကို (၂၄) နာရီဆောင်ရွက်ပေးရန်နှင့် အရေးပေါ်လူနာလွှဲပြောင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်အတွက် တောင်ပြိုလက်ဝဲဆေးရုံ၊ ငါးခူရဆေးခန်းနှင့် လှဖိုးခေါင်ကြားစခန်းရှိ ဆေးခန်းတို့တွင် ယာဉ်မောင်းအပါအဝင် Ambulance တစ်စီးစီကို အသင့်စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်းသတင်း ရရှိပါသည်။

 

 

 

 

 

 

More Tags