ရခိုင်ပြည်နယ်သို့ ပြည်လည်ဝင်ရောက်လာမည့် လူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းဆောင်ရွက်

မောင်တောမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ် (၂၀) ရက်

     ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်းနေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်းများအပေါ် ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆိုင်ရာ (သို့မဟုတ်) နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများကို မပြုလုပ်ဘဲ ထိုလူ့အဖွဲ့အစည်းများအားလုံးအတွက် တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

     ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ပြည်သူ့ ကျန်းမာရေးဉီးစီးဌာန(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင် (ကူးစက်/ ပြည်သူ့ ကျန်းမာရေးအရေးပေါ်)၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသီဟ၊ မောင်တောခရိုင်ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာကျော်မောင်မောင်သိန်း၊ တို့အဖွဲ့သည် သြဂုတ်လ (၂၀) ရက်နေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ကြားစခန်းများ သို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလက်ခံရေးစခန်းများတွင် တာဝန်ချထားသောကျန်းမာရေးဝန်ထမ်းများ အဆင်သင့် ရှိနေခြင်းနှင့် ဆေးနှင့်အရေးပေါ်ဆေးပစ္စည်းကိရိယာများ အလုံအလောက် စီမံထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် ဆေးခန်းများ လုံခြုံမှုရှိစေရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

More Tags