ရခိုင်ပြည်နယ် သံတွဲမြို့မဈေးကြီး၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်နှင့် ငပလီမြို့ မဇင်လေဆိပ်တို့တွင် Covid-19 ကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းဆောင်ရွက်

သံတွဲမြို့၊ ၂၀၂၀ပြည့်နှစ်၊မတ်လ(၂၄)ရက်

     (၂၄.၃.၂၀၂၀)နေ့တွင် သံတွဲခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်းဦးစီးသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် ကျား(၈)ဦး၊ မ(၁)ဦး၊ စုစုပေါင်း(၁၀) ဦးတို့သည် သံတွဲမြို့မဈေးကြီး၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့်  ငပလီမြို့ မဇင်လေဆိပ်တို့တွင် Covid-19 ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊ စနစ်တကျ လက်ဆေးရေး သရုပ်ပြခြင်း၊ ပိုစတာနှင့် စတစ်ကာများကပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

 

More Tags