ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ (၄၃) ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ဝင်ခွင့်စာမေးပွဲ ကျင်းပပြုလုပ်

စစ်တွေ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်

     (၄၃) ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ဝင်ခွင့်စာမေးပွဲကို ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ (၂၃-၁-၂၀၂၀) ရက်နှင့် (၂၄-၁-၂၀၂၀) ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။ ရေးဖြေ စာမေးပွဲကို (၂၃-၁-၂၀၂၀) ရက်နေ့တွင်ပြုလုပ်ရာ ရခိုင်ပြည်နယ်မှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) စုစုပေါင်း (၁၇၉) ဦး ဝင်ရောက်ဖြေဆိုကြပြီး ၎င်းတို့အနက်မှ ရေးဖြေအမှတ်အများဆုံးရရှိသူ (၃၈)ဦးအား လူတွေ့စစ်ဆေးခြင်းကို (၂၄-၁-၂၀၂၀) ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များအား ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် က (ရေးဖြေ/ နူတ်ဖြေ) စာမေးပွဲမဖြေဆိုမီနှင့် စာမေးပွဲဖြေဆိုပြီး အချိန်များတွင် လုပ်ငန်းခွင်ကိစ္စရပ်များကို မှာကြားခြင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများနှင့် ဆောင်ရန်/ ရှောင်ရန်ကိစ္စရပ်များကို ရှင်းပြခြင်းများအပါအဝင် ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် အချက်များ၊ ကျန်းမာရေးဝန်ထမ်းများတွင်ရှိရမည့် စိတ်နေသဘောထားများကို လမ်းညွှန်မှာကြားခဲ့ ပါသည်။

More Tags