ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖြန့်ဝေသည့် Mobile Tablet များအား အသုံးပြုနည်းသင်တန်း ကျင်းပပြုလုပ်

စစ်တွေ                   ဇန်နဝါရီလ (၁၅) ရက်

     (၁၃-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ်ဆရာဝန်များအား Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     နေ့လယ် (၂) နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Mobile Tablet အသုံးပြုနည်းသင်တန်းအား ပြုလုပ်ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ e-Government ဆိုင်ရာ သင်တန်းဆရာ၊ ဆရာမများက ရှင်းလင်းသင်ကြားခဲ့ကြပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှင့်တိုက်နယ်ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags