ရခိုင်ပြည်နယ်တွင် Multiplier Training on Long Acting Reversible Contraception Implant သင်တန်း ဆောင်ရွက်ခြင်း

စစ်တွေ          စက်တင်ဘာ (၁၂) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ 3MDG အဖွဲ့နှင့် IOM အဖွဲ့ တို့ပူးပေါင်း၍ Multiplier Training on Long Acting Reversible Contraception – Implant သင်တန်းကို (၁၀-၉-၂၀၁၈) မှ (၁၃-၉-၂၀၁၈) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်သင်ကြားခဲ့ပါသည်။


 

သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် Contraceptic Implant ဖြင့် သားဆက်ခြားခြင်းလုပ်ငန်းကို အခမဲ့ ထည့်သွင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

More Tags