ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မကူးစက်နိုင် သောရောဂါများကာကွယ်ကုသခြင်းဆရာဖြစ်သင်တန်းကျင်းပ

စစ်တွေ၊ ဇန်နဝါရီလ (၁၀)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မကူးစက်နိုင်သောရောဂါ များ ကာကွယ်နှိမ်နင်းရေးဌာနခွဲ) ၊ ဆီးချိုသွေးချိုရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် Help Age International တို့ ပူးပေါင်းကျင်းပသော “မကူးစက်နိုင် သောရောဂါများကာကွယ်ကုသခြင်းဆရာဖြစ်သင်တန်း”ကို ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးရုံး အစည်းအဝေးခန်းမ တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၁)နာရီ၌ စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (မကူးစက်နိုင် သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်း၊ ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆီးချိုနှင့်ဟော်မုန်းရောဂါဌာန စီမံချက်မန်နေဂျာ(ပါမောက္ခ/ဌာနမှူး) ဒေါက်တာကိုကို ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန် နာတာရှည်အဆုတ်နှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စီမံချက်မန်နေဂျာ(ပါမောက္ခ/ဌာနမှူး) ဒေါက်တာရဲထွန်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကင်ဆာရောဂါ တိုက်ဖျက်ရေးစီမံချက်မှ အထူးကုဆရာဝန်ကြီး ဒေါက်တာယဉ်သူဝင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)မှတာဝန်ရှိပုဂ္ဂိုလ်များ မှ ဆီးချို ၊ သွေးချို ၊ သွေးတိုး ရောဂါများ ၊ ကင်ဆာရောဂါ စစ်ဆေးခြင်း ၊ နာတာရှည်အဆုတ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ရောဂါရှာဖွေကုသမှုလုပ်ငန်းကို အခြေခံ ကျန်းမာရေးဝန်ထမ်းများမှ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက် ခြင်းလုပ်ငန်းတို့နှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ အထိ (၃)ရက်တာ ကျင်းပကြောင်း သိရှိရသည်။

 

     အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများစုစုပေါင်း(၅၅)ဦး တက်ရောက်ကြ ကြောင်း သတင်းရရှိ သည်။

More Tags