ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် လျော့ကျရေးနှင့် အထောက်အကူပြု ပညာပေးခြင်းနှင့် ကျန်းမာရေး သန့်ရှင်းရေးဆိုင်ရာအသိပညာ တိုးတက်ရေး စီမံချက် အသိပေးဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ကျင်းပ

ဂွမြို့၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်

      ရခိုင်ပြည်နယ်၊ ဂွမြို့ မြို့တော်ခန်းမ၌ ဂျပန်နိုင်ငံ BHN Association နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် စာသင်ကျောင်းများနှင့် ကျေးရွာများ တွင် သဘာဝဘေးအန္တရာယ် လျော့ကျရေးနှင့် အထောက်အကူပြု ပညာပေးခြင်းနှင့် ကျန်းမာရေး သန့်ရှင်းရေးဆိုင်ရာအသိပညာ တိုးတက်ရေးစီမံချက် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်ပြီး ရခိုင်ပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်က စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းတို့ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေက စီမံချက်လုပ်ငန်းများ၏ ရည်ရွယ်ချက်၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     အဆိုပါ အသိပေးရှင်းလင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဂွမြို့နယ်ပညာရေးမှူး၊ ခေတ္တ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံချက်လုပ်ငန်းများ ဆောင်ရွက်မည့်ကျေးရွာများမှ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

More Tags