ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းလား၊ မတ်လ (၁)ရက်

    ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ရှမ်းပြည်နယ်အရှေ့ပိုင်း)  ဒေါက်တာဉာဏ်လင်းထိုက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မိုင်းလား၊ ဉီးအိုက်ခမ်းနွဲ့၊ ဒု-တာဝန်ခံ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့၊ (အထူးဒေသ (၄) မိုင်းလား) နှင့် Health Poverty Action (HPA) မှ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ စီမံကိန်းမန်နေဂျာ မစ္စတာကျန်းရွက်၊ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာဝင်းကျော်တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း ဆောင်ရွက် လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  (၂၇.၂.၂၀၁၉) ရက်နေ့မှ (၁.၃.၂၀၁၉) နေ့ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


 

     ပူးပေါင်းအဖွဲ့သည် မိုင်းလားအထူးဒေသအတွင်းရှိ ကုတင်(၅၀) ဆေးရုံ၊ မိုင်းလားမြို့၊ မိုင်းမ ကျေးရွာ၊ မိုင်းလား အထူးဒေသနန်းပန်းကျေးရွာအုပ်စုအပိုင် နန့်ပန်းကျေးရွာ၊ ကျိုင်းခမ်းကျေးရွာ၊ မဲခေါင်ကျေးရွာနှင့် ဆီလူးကျေးရွာ အုပ်စုအပိုင် ဆီလူးကျေးရွာများသို့သွားရောက်၍ တိုင်းရင်းသားဒေသများတွင် ဆောင်ရွက်လျက်ရှိသော မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ပိုမိုလက်လှမ်းမီထိရောက်စွာပေးနိုင်ရေးနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား စေတနာ့ ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၊ Health Poverty Action (HPA) မှ ကြီးကြပ်ဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 
 

More Tags