ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံအသစ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းကျင်းပ

မိုင်းပျဉ်းမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဉ်းမြို့၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံအသစ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းကို (၂၂.၁၁.၂၀၁၉) ရက်နေ့မှ (၂၄.၁၁.၂၀၁၉) ရက်နေ့အထိ Access to Health Fund ၏အထောက်အပံ့ဖြင့် ကျင်းပခဲ့သည်။ သင်တန်းတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းမှ သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အရေးကြီးပုံကို ရှင်းလင်းကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက်သင်တန်းဆရာများအဖြစ် ဒေါက်တာမောင်မောင်ချင်း(မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး) ၊ ဒေါ်သက်နွယ်ဦး (လက်ထောက်ညွှန်ကြားရေးမှူး-သူနာပြု)၊ ဒေါ်အေးသန္တာ(ဦးစီးအရာရှိ-သတင်းအချက်အလက်)နှင့် ဒေါက်တာကောင်းမြတ်စိုး (ဦးစီးအရာရှိ-ပြည်နယ်ကျန်းမာ)တို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက်ဆွေးနွေးပို့ချခဲ့သည်။ အဆိုပါသင်တန်းကို လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ကျန်းမာရေးကြီးကြပ်(၁)၊ သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ် (၂) များ စုစုပေါင်း (၃၇) ဦးတက်ရောက်ခဲ့ပါသည်။

More Tags