ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သစ်လွင်သားဖွားဆရာမများအား လုပ်ငန်းခွင်အကြိုသင်တန်းပို့ချ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၃) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သစ်လွင်သားဖွားဆရာမများအား လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ( ၃- ၉ -၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (သူနာပြုဌာနစိတ်) လက်ထောက် ညွှန်ကြားရေးမှူးနှင့် သူနာပြုဆရာမများ၊ ဦးစီးအရာရှိနှင့် အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ သက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများ နှင့် သစ်လွင်သားဖွားဆရာမ များစုစုပေါင်း( ၃၀ )ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို Access to Health Fund ဖြင့် (၃.၉.၂၀၁၉ မှ ၇.၉.၂၀၁၉ )ရက်နေ့ထိ ( ၅ )ရက်သာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags