ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ (၂၀၁၉) ခုနှစ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၆) ရက်

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ (၂၀၁၉) ခုနှစ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံမြို့တွင် (၁၆-၃-၂၀၂၀) ရက်နေ့မှ (၁၇-၃-၂၀၂၀) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနများမှ ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူးများနှင့် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနခွဲအသီးသီးမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း အသီးသီးကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနများမှ (၂၀၁၉)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၏ ရလဒ်များကို ယခင်နှစ်များနှင့် နှိုင်းယှဉ်သုံးသပ်ကာ အားသာချက် များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆန်းစစ်ဆွေးနွေး တင်ပြခဲ့ကြပါ သည်။

 

      ဆက်လက်ပြီး ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် သတင်းအချက်အလက်များ၏ အရည်အသွေး ကောင်းမွန်လာရေးအတွက် ပြန်လည်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အစည်းအဝေး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ကြီးကြပ်မှု ဆုရရှိသော မြို့နယ်များအား ဆုများချီးမြှင့်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

More Tags