ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံ

ကျိုင်းတုံ၊မတ်လ (၉)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ထမ်းများအား ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို (၆.၃.၂၀၁၉)ရက်နေ့တွင် ပြည်နယ်ရုံးရှိ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနရှိ ဝန်ထမ်းများအားလည်းကောင်း၊ (၇.၃.၂၀၁၉)ရက်နေ့တွင် အကျဉ်းဦးစီးဌာနရှိကျန်းမာရေး ဝန်ထမ်းများအား လည်းကောင်း၊ (၈.၃.၂၀၁၉)ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ လည်းကောင်း စုစုပေါင်း (၅၂၄)ဦး ထိုးနှံပေးခဲ့ပါသည်။

 

More Tags