ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်း စီမံကိန်းရေးဆွဲခြင်းနှင့် မိခင်မှကလေးသို့ အိတ်ချ်အိုင်ဗွီရောဂါပိုးနှင့် ကာလသားရောဂါပိုး ကူးစက်မှု လျော့ကျစေရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၇) ရက်

     အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်း စီမံကိန်းရေးဆွဲခြင်းနှင့် မိခင်မှကလေးသို့ အိတ်ချ်အိုင်ဗွီရောဂါပိုးနှင့် ကာလသားရောဂါပိုး ကူးစက်မှု လျော့ကျစေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျိုင်းတုံမြို့ Amazing Keng Tung Hotel၌ (၇.၁.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး နေပြည်တော် အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်က မြန်မာနိုင်ငံ၏ အိတ်ချ်အိုင်ဗွီဖြစ်ပွားမှုနှင့် တုန့်ပြန်ဆောင်ရွက်နေမှုများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ အိတ်ချ်အိုင်ဗွီကူးစက်ဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။


     အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများ၊ နှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့များနှင့် အိတ်ချ်အိုင်ဗွီ အဓိက ကူးစက်နိုင်သော အုပ်စုများမှကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀)ခန့်တက်ရောက်ခဲ့ကြပြီး (၇.၁.၂၀၂၀ မှ ၉.၁.၂၀၂၀)ရက်နေ့အထိ (၃)ရက်ကျင်းပပြုလုပ်ကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း နောင်လာမည့် (၅)နှစ်တာ အတွက် အိတ်ချ်အိုင်ဗွီကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် စီမံကိန်းများ ရေးဆွဲခဲ့ကြပါသည်။

More Tags