ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံမြို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

ကျိုင်းတုံမြို့၊ ဇွန်လ (၂၂)ရက်

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး အရာရှိ ဦးအောင်ဇော်ထိုက် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ အဖွဲ့သည် (၂၂.၆.၂၀၁၉) ရက်နေ့တွင် ကျိုင်းတုံမြို့နယ် မြို့မစျေးကြီး၌ ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ ပြည်သူလူထု များအား ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် Face Mask များဖြန့်ဝေခြင်း လုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။

 

More Tags