ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားရိုးရာ အဖွဲ့အစည်းများဖြင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၁) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ လူထုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားရိုးရာ အဖွဲ့အစည်းများဖြင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး (Coordination Meeting with Community-based organizations and Ethnic cultural organizations) အခမ်းအနားကို ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၁.၁၀.၂၀၁၉) ရက်နေ့၊ နံနက်(၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် က အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် တိုင်းရင်းသားဘာသာစကားဖြင့် ကျန်းမာရေးပညာပေးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ (IEC materials)ဘာသာပြန်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်း က ကျန်းမာရေး ပညာပေးရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ (IEC materials) နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒေါက်တာဒေါ်အိအိဝင်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် (ခုခံကျကာလသား) မှ “Health literacy promotion and Health information materials” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

     ထို့အပြင် ဒေါက်တာကျော်ကျော်လင်း က ပညာပေးအထောက်အကူပြု လက်ကမ်းစာစောင်များနှင့်ပိုစတာများကို ပြသရှင်းလင်းကာ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်နိုင်ရန် လုပ်ငန်းတာဝန်များ ညှိနှိုင်းခဲ့သည်။ အဆိုပါအစည်းအဝေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူငယ်စင်တာများ၊ လားဟူ၊ အာခါနှင့် ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ဆွေးနွေးကြပြီး စုစုပေါင်း (၃၇) ဦးခန့်အစည်းအဝေးကို တက်ရောက် ခဲ့ပါသည်။

More Tags