ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် DHIS 2 ဆင့်ပွားသင်တန်း ကျင်းပ

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၁၀)ရက်

     အိတ်ချ်အိုင်ဗွီရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မှန်ကန်တိကျသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ လျင်မြန်စွာ ရရှိနိုင်ရန် DHIS 2 ဆင့်ပွားသင်တန်းကို ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၀.၁.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းသန်းလွင်တို့မှ သင်တန်းဆရာများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

 


     သင်တန်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ အိတ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းတာဝန်ခံ အခြေခံကျန်းမာရေးဝန်ထမ်းများအား Tablet များဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြနိုင်ရန်နှင့် သတင်းအချက်အလက်များ၏ အရည်အသွေးနှင့် အသုံးပြုပုံများကို (၁၀.၁.၂၀၂၀ မှ ၁၁.၁.၂၀၂၀)ရက်နေ့ထိ (၂)ရက်တာဆွေးနွေးလေ့ကျင့်ပေးမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

More Tags