ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် Access to Health Fund ၏ အထောက်အပံ့ဖြင့် Electronic Public Health and Hospital Reporting System using DHIS2 Refresher Training သင်တန်း ကျင်းပ

ကျိုင်းတုံမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၇)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် (၁၃.၁.၂၀၂၀)ရက်နေ့မှ (၁၄.၁.၂၀၂၀)ရက်နေ့အထိ Electronic Public Health and Hospital Reporting System using DHIS2 Refresher Training မွမ်းမံသင်တန်း (ပြည်သူ့ကျန်းမာရေးသတင်းစနစ်)ကိုလည်းကောင်း၊ (၁၅.၁.၂၀၂၀)ရက်နေ့မှ (၁၇.၁.၂၀၂၀) ရက်နေ့အထိ (ဆေးရုံသတင်းစနစ်) ကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အဆိုပါသင်တန်း တက်ရောက်ပြီးစီးပါက မိမိတို့၏လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးချနိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


     အဆိုပါ သင်တန်းတွင် သင်တန်းဆရာများအဖြစ် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သတင်းအချက် အလက်ဌာနခွဲမှ ဒေါက်တာမေဖြူလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက် အလက်)၊ ဒေါ်စန်းစန်းဦး၊ ဦးစီးအရာရှိ(စာရင်းအင်း)၊ ဒေါ်မြင့်ဌေးဇော်၊ ဦးစီးအရာရှိ(စာရင်းအင်း)၊ ဒေါ်မိုးစန္ဒာထွန်း ၊ဦးစီးအရာရှိ(စာရင်းအင်း) နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အေးသန္တာ၊ ဦးစီးအရာရှိ(သတင်းအချက်အလက်)တို့မှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။ သင်တန်းတွင် ပြည်သူ့ကျန်းမာရေးသတင်းစနစ် အကောင်အထည် ဖော်ဆောင်ရေး အတွက် သင်တန်းသား(၂၄)ဦး၊ ဆေးရုံသတင်းစနစ် ဆောင်ရွက်ရေးအတွက် သင်တန်းသား(၄၆)ဦးနှင့် စုစုပေါင်း သင်တန်းသားဦးရေ (၇၀)ဦးတက်ရောက်ခဲ့ပါသည်။

More Tags