ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ COVID-19 လတ်တလောအဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုအကြား ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်

ကျိုင်းတုံ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့ နယ်ကျန်းမာရေးဦးစီးဌာနများက မြို့နယ်အသီးအသီးတွင် COVID-19 လတ်တလောအဆုတ်ရောင် ရောဂါ နှင့်ပတ်သက်၍  ပြည်သူလူထုအကြား ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိရာ မိုင်းယုမြို့နယ်တွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က COVID-19 လတ်တလော အဆုတ်ရောင် ရောဂါနှင့် ပတ်သက်သည့် ပြည်သူ့စကားဝိုင်းကို မိုင်းယုမြို့နယ်၊ ရှမ်းဘုန်းကြီး ကျောင်း၌ ကျင်းပရာ ရပ်မိရပ်ဖများနှင့် ပြည်သူလူထုများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

     မိုင်းယောင်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ (၂၅)ရက်နေ့က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၏ ပူးပေါင်းကူညီမှုဖြင့် COVID-19 လတ်တလော အဆုတ်ရောင်ရောဂါ နှင့်ပတ်သက်သည့် ကျန်းမာရေးစကားဝိုင်းတစ်ခုကို မြို့နယ်မိုးလုံလေလုံ အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် COVID-19 လတ်တလောအဆုတ်ရောင် ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ဆွေး နွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက COVID-19 လတ်တလောအဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကူးစက်ပုံနည်းလမ်းများ၊ ကာကွယ်ရန် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags