ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား ခရိုင်အလိုက် အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး                စက်တင်ဘာ (၅) ရက်

●     ယနေ့ နေ့လည်(၁၄:၀၀)နာရီအချိန်၊ ပြည်နယ်အားကစားကွင်း၌ ၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

 

●     ပြိုင်ပွဲကို (၅-၉-၂၀၁၈)ရက်နေ့မှ (၁၆-၉-၂၀၁၈)ရက်နေ့အထိ ခရိုင် (၁၀)ခရိုင် ပါဝင်ယှဉ်ပြိုင် လျက်ရှိပါသည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်မိန့်ခွန်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။

 

●     အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အား/ကာဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ခရိုင်အား/ကာဦးစီးဌာနမှ တာဝန်ခံများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ပြိုင်ပွဲအား ကြည့်ရှု့အားပေးခဲ့ပါသည်။

More Tags