ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် Training On Clinical Management of HIV Infection သင်တန်းကျင်းပ

လားရှိုး ဒီဇင်ဘာ (၂၁ )ရက်

     ရှမ်းပြည်နယ်(လားရှိုး)၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်​ရေးအဖွဲ့မှ ကြီးမှူး၍ Training On Clinical Management of HIV Infection သင်တန်းအား (၁၇-၁၈-၂၀၁၈) မှ (၁၉-၁၂-၂၀၁၈) ရက်နေ့အထိ လားရှိုးမြို့၊ ဆင်နှစ်ကောင် ဟိုတယ်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

 

     သင်တန်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

 

     သင်တန်းသို့ လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူများမှ သင်ကြားပို့ချခဲ့ပြီး ရှမ်းပြည်နယ်(လားရှိုး)၊ ခရိုင်/မြို့နယ်ရှိ အေအာတီဆေးကုဌာန ၂၄ခုမှ တာဝန်ခံဆရာဝန်များ၊ ART Focal Person များ၊ The UNION နှင့် MANAအဖွဲ့မှ ဆရာဝန်များ စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ပါသည်။

 

 

More Tags