ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းနှင့် ပတ်သက်၍ သင်တန်းနှင့် လက်တွေ့လုပ်ငန်း (Mass Screening) ဆောင်ရွက်ပြီးစီး

     ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးမှ ဦးဆောင်၍ လားရှိုးမြို့တွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းသင်တန်းကို သားဖွားမီးယပ် ပါမောက္ခ ဒေါက်တာမြသီတာမှ (၅-၉-၂၀၁၈)မှ (၇-၉-၂၀၁၈) အထိ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ (၃၄) ဦးနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်း (၄၁)ဦး၊ စုစုပေါင်း (၇၅) ဦးတို့အား သင်တန်းပို့ချ ပေးခဲ့သည်။

- (၈-၉-၂၀၁၈)မှ (၉-၉-၂၀၁၈) အထိ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသခြင်း (Mass Screening) ကို လားရှိုးမြို့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း သားဖွားခန်းတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

- ထိုစမ်းသပ်စစ်ဆေးမှုတွင် အမျိုးသမီးစုစုပေါင်း( ၅၅၄ )ဦး လာရောက်ပြသခဲ့ပြီး၊ (၅၅၁) ဦးအား VIA test ပြုလုပ်ပေးနိုင်ခဲ့သည့်အနက်- (Precancerous Lesion/ Positive) ဖြစ်သူ (၇)ဦး တွေ့ရှိခဲ့ပြီး၊ Treatment with cold coagulation ဖြင့် (၆) ဦး ကုသပေးနိုင်ခဲ့ကာ၊ (၆၈)ဦးကို အခြားသော ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။

 


 

     လားရှိုးမြို့၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်း သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားစဉ်

    


 

     သင်တန်းသို့ တက်ရောက်လာသော အသင်းအဖွဲ့များ

    


 

သင်တန်းတက်ရောက်သော သင်တန်းဆရာများနှင့် သင်တန်းသားများ


 

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသခြင်း


 

ပါမောက္ခ ဒေါက်တာမြသီတာမှ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း


 

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းဆောင်ရွက်စဉ်


 

စမ်းသပ်ရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးသော သားဖွားမီးယပ် အထူးကုဆရာဝန်များအဖွဲ့

More Tags