ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကမ္ဘာ့ကင်ဆာနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ဆောင်ရွက်

လားရှိုးမြို့ ၊ ဖေဖော်ဝါရီ (၉) ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လားရှိုးမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့တွင် (၉-၂-၂၀၁၉) နံနက်ပိုင်း၌ ကမ္ဘာ့ကင်ဆာနေ့ အထိမ်းအမှတ်အဖြစ် ကင်ဆာရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် လူထုစုပေါင်း Fitness Dance ဆောင်ရွက်ခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသားကျောင်းသူ (၁၈၀) ဦးနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ သင်တန်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags