ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ် ရှာဖွေကုသခြင်းလုပ်ငန်း ဆောင်ရွက်

မူဆယ်၊ ဇန်နဝါရီ ၁၃ ရက်

     ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးမှ ဦးဆောင်ကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မူဆယ်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းတွင် သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသခြင်းလုပ်ငန်းများကို (၁၂-၁-၂၀၁၉) မှ (၁၃-၁-၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်ပြီးစီး ခဲ့ပါသည်။

 

     သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသခြင်းတွင် လာရောက် စမ်းသပ်သူ (၁၃၇၁)ဦးအနက် သားအိမ်ခေါင်းကင်ဆာအကြိုဆင့် VIA (+)ve တွေ့ရှိသူ (၃၆)ဦး၊ သားအိမ်ခေါင်းရောင်ရမ်းသူ (၁၇၀)ဦး၊ အသားစ စစ်ဆေးခံသူ (၁၄)ဦး၊ သားအိမ်ခေါင်းအရည် (Pap smear) စစ်ဆေးသူ (၃)ဦးနှင့် အခြားမီးယပ်ရောဂါများ တွေ့ရှိကုသပေးသည့် လူနာပေါင်း (၄၀)ဦး ရှိခဲ့ပါသည်။

More Tags