ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ် (၂၁) မြို့နယ်မှ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ် (၂၁) မြို့နယ်မှ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့နယ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သွားကျန်းမာ) ဒေါက်တာခင်မောင်နှင့် မြို့နယ် (၂၁) မြို့နယ်မှ သွားဘက်ဆိုင်ရာဆရာဝန်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။


     ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် (၂၁)မြို့နယ်မှ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံပြီး သွားဘက်ဆိုင်ရာဆရာဝန်များ၏ အဓိကလိုအပ်ချက်များ၊ အခက်အခဲများ၊ ဆေးဝါးလိုအပ်ချက်အား ဆွေးနွေးပြီး သွားဘက်ဆိုင်ရာဆရာဝန်မရှိသည့် မြို့နယ်များသို့ အလှည့်ကျ သွားရောက် တာဝန်ထမ်းဆောင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

More Tags