ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၆၃) ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁) ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၆၃) ဘက်စုံသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး၊ အမျိုးသမီးနှင့်လေးဆေးရုံအုပ်ကြီး၊ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ခဲ့ပါသည်။


     အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာ စကား ပြောကြားပြီး ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က သင်တန်းဆင်း အမှာစကား ပြောကြားပါသည်။ ထို့နောက် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ပါသည်။

More Tags