ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် MDSR Review Workshop ကျင်းပပြုလုပ်

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်

     MDSR Review Workshop ကို တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၄-၉-၂၀၁၉)မှ (၁၅-၉-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပုဂ္ဂလိကဆေးရုံများမှ ဆေးရုံအုပ်များ၊ သားဖွား/ မီးယပ်အထူးကုဆရာဝန်များ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှု တုံ့ပြန်ဆောင်ရွက်ခြင်း(MDSR) ကော်မတီဖွဲ့စည်းရခြင်းနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပါသည်။

 

     ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်/ကလေး/ကျောင်းကျန်းမာ/အာဟာရ) ဒေါက်တာမေမင်းသိမ့်က မိခင်သေဆုံးမှုနှင့် ပတ်သက်သော အချက်အလက်များနှင့် ယခုလက်ရှိဆောင်ရွက်နေသော မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ လုပ်ငန်းများအကြောင်းအား ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး အဖွဲ့ခေါင်းဆောင်ဆရာဝန်(မိခင်ကျန်းမာ) ဒေါက်တာသက်သက်ဝင်းက ၂၀၁၉ခုနှစ်၊ ပထမ(၆)လပတ်အတွင်း မိခင်သေဆုံးမှုများအကြောင်းဆွေးနွေးတင်ပြပြီး မိခင်သေဆုံးမှုရှိသော မြို့နယ်များမှ မိခင်သေဆုံးမှုဖြစ်စဉ်များကို တင်ပြကြပါသည်။ ထို့နောက် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ ဒေါက်တာမြတ်သီတာက မိခင်သေဆုံးသည့် အကြောင်းရင်းများကို ပြန်လည်ဆွေးနွေးပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

More Tags