တောင်ကြီးမြို့၊ မတ်လ ၉ ရက်
ပြည်နယ်အဆင့်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ(၂၀၁၈)ကို တောင်ကြီးမြို့၊ ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉-၃-၂၀၁၉) မှ(၁၀-၃-၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ အဖွင့်အမှာ စကားပြောကြားပါသည်။
ထို့နောက် တက်ရောက်လာသောမြို့နယ်(၂၁)မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများမှ တင်ပြ ဆွေးနွေး ကြပြီး ဆုရမြို့နယ်များအား ဆုချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားကို (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။