ရေးမြို့တွင် နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရေးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

     နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ (၂၆-၁၁-၂၀၁၉) ရက်နေ့ နံနက် (၈) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နှင့် ရေးမြို့နယ်ကုတင်(၁၀၀) ဆေးရုံအုပ်ဒေါက်တာသက်ပိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ခံများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 
 

More Tags