ရေးမြို့တွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရေးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

     မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲအခမ်းအနားကို (၁၈-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ကျင်းပခဲ့ရာ ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့အုပ်ချုပ်ရေးမှူးမှ တက်ရောက်အဖွင့်မိတ်ခွန်း ပြောကြားခဲ့ပြီး ရေးမြို့နယ်ကုတင် (၁၀၀)ဆေးရုံအုပ် ဒေါက်တာသက်ပိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံမှ ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း အသိပေး ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန် ခံများ စုစုပေါင်း (၅၀) ဦး ခန့်တက်ရောက် ခဲ့ကြပါသည်။

More Tags