ရွှေပြည်သာမြို့နယ်၊ မြို့နယ်ခန်းမတွင် COVID-2019 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ (၂၀၂၀)ခုနှစ်၊ မတ်လ(၂၆)ရက်

     ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ မြို့နယ်ခန်းမဆောင်၌ (COVID-2019) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် နှီးနွယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းမှ (COVID-2019) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လတ်တလောအခြေအနေများအား အသိပေးခြင်း၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီအဖွဲ့သည် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လက်ရှိအခြေအနေများအား ဌာနဆိုင်ရာများနှင့် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နှီးနွယ်ဌာနဆိုင်ရာ အပါအဝင် စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags