ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ပါ၀င်သော ကာကွယ်ဆေး(PENTA-4) ကို ပုံမှန်ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် အသိပေးဆွေးနွေးပွဲ အခမ်းအနား ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်

ပုသိမ်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃)ရက်

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်(၂၃-၁-၂၀၂၀)ရက်နေ့၌  ရိုတာ ဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ပါ၀င်သော ကာကွယ်ဆေး(PENTA-4)ကို ပုံမှန်ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေး၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ၊ ကျန်းမာရေး၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


     အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး၊ ဒေါက်တာလှမြတ်သွေး က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်မှ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ပါ၀င်သော ကာကွယ်ဆေး  (PENTA-4) ကို ပုံမှန်ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

More Tags