ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး (PENTA4) ကို ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း မြို့နယ်အဆင့် သင်တန်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ကျင်းပ

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၇)ရက်    

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် Penta (4)အား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံ/တိုက်‎ကျွေးပေးခြင်း မြို့နယ်အဆင့်သင်တန်းအား (၂၇-၁-၂၀၂၀)နေ့၊ နံနက်(၉:၃၀)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။       


     ကာကွယ်ဆေးထိုးနှံ/တိုက်‎ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းဆရာများအဖြစ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးမူယာကျော်နှင့် လက်ထောက်ကျန်းမာရေးမှူး ဒေါ်ကေသီစိုးတို့မှ ဆောက်ရွက်ခဲ့ပြီး ရိုတာ ဗိုင်းရပ်(စ်)ကာကွယ်ဆေးအကြောင်းနှင့် ပတ်သက်သောအကြောင်းအရာများ၊ ကာကွယ်ဆေး အသုံးပြုပုံ၊ ရိုတာဗိုင်းရပ်(စ်) ကာကွယ်‎ဆေးနှင့် Penta(4)ထိုးနှံ/တိုက်ကျွေးမည့်အစီအစဉ်များကို သင်ကြားပေးခဲ့ ပါသည်။ အဆိုပါသင်တန်းသို့ အခြေခံကျန်းမာရေးပညာရှင်များ ဖြစ်သည့် သင်တန်းသားစုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags