ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင်ပါဝင်သောကာကွယ်ဆေး ( penta-4) ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း တိုင်းဒေသကြီးအဆင့်သင်တန်း ပုသိမ်မြို့တွင် ကျင်းပပြုလုပ်

ပုသိမ်မြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၅-၁-၂၀၂၀) ရက်နေ့၌ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့်ဆုံဆို့ - မေးခိုင် ပါဝင်သော ကာကွယ်ဆေး (penta-4)ကိုပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း တိုင်းဒေသကြီးအဆင့်သင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအခန်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာ၀န်ရှိပုဂ္ဂိုလ်များ၊ ခရိုင်/မြို့နယ်များမှ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် သက်ဆိုင်ရာ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

More Tags