ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်တိုက်ကျွေးခြင်းနှင့် ဆုံဆို့၊ မေးခိုင်ပါ၀င်သော ကာကွယ်ဆေး (Penta -4)ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်

မကွေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်တိုက်ကျွေးခြင်းနှင့် ဆုံဆို့၊ မေးခိုင်ပါ၀င်သော ကာကွယ်ဆေး (Penta-4)ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ   ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


     အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ (၂၅)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတာ၀န်ခံများ၊ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသော ဆေးရုံများမှ ဆေးရုံတာ၀န်ခံများ၊ ဆေးရုံကာကွယ်ဆေးထိုး လုပ်ငန်းကြီးကြပ်ဆောင်ရွက်သူများနှင့် ဆေးရုံကာကွယ် ဆေးထိုးလုပ်ငန်း အအေးလမ်းကြောင်း တာ၀န်ခံများ တက်ရောက်ခဲ့ကြပါသည်။

More Tags