မအူပင်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ကျင်းပပြုလုပ်

မအူပင်၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း (၁၆-၈-၂၀၁၉) ရက်နေ့မှ (၁၈-၈-၂၀၁၉) ရက်နေ့အထိ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများကို ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအခြေပြု ကျန်းမာမှု အသိပညာမြှင့်တင်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်း အခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရ ဖွံ့ဖြိုးရေးနှင့် အစားအစာများ၊ အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင်ပြုလုပ်ထားကြသော ပြခန်းအားကြည့်ရှုခြင်းနှင့် ဆုပေးခြင်းအစီအစဉ်တို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

More Tags