မန္တလေးမြို့တွင် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဦးဆောင်၍ Refresher Training on Clinical Management of HIV for Medical Officer Seconded to NAP သင်တန်းကျင်းပ

မန္တလေး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်

     ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်မှ ဦးဆောင်၍ Refresher Training on Clinical Management of HIV for Medical Officer Seconded to NAP (The Union) သင်တန်းကို သြဂုတ်လ (၁၇) ရက်နေ့တွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် Magic Hotel သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်လက်အောက်ရှိ ART ကုသမှု Centre များမှ Seconded Medical officer (The Union) (၃၆) ဦး တက်ရောက်ခဲ့ကြပြီး မန္တလေး ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ခံဆရာဝန်ကြီးများ၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီးများ၊ ခုတင် (၅၅၀) ဆံ့ကလေးဆေးရုံကြီးမှ သမားတော်ကြီးများမှ (၂) ရက်တာ သင်တန်းပို့ချခဲ့ပါသည်။

More Tags