မန္တလေးမြို့တွင် “Refresher training for Leprosy” သင်တန်းကျင်းပ ပြုလုပ်

မန္တလေး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၁) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ်၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ သားဖွားသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် “Refresher training for Leprosy” သင်တန်း ပထမအသုတ်ကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၁) ရက်မှ (၂၃) ရက်ထိ ကျင်းပပြုလုပ်လျှက်ရှိပြီး သင်တန်းဒုတိယအသုတ်ကို သြဂုတ်လ (၂၆) ရက်မှ (၂၈) ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကျန်းမာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) စုစုပေါင်း (၂၂၄)ဦးအား အနာကြီးရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် မွမ်းမံသင်တန်းပေးသွားမည် ဖြစ်ပါသည်။

 

 

     အဆိုပါ သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာသင်းသင်းနွယ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး) ဒေါက်တာချစ်ထူး က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောခဲ့ပါသည်။

More Tags