မန္တလေးတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မိခင်သေဆုံးမှုများအား စောင့်ကြပ်ကြည့်ရှု၍ တုန့်ပြန်ဆောင်ရွက်ခြင်း ဆန်းစစ်ဆွေးနွေးပွဲနှင့် ၂၀၁၈ခုနှစ်မှ ၂၀၁၉ ခုနှစ် (ပထမ ၆လ)အတွင်း မိခင်သေးဆုံးမှုများအား ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

မန္တလေး၊(၂၀၁၉)ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်

     မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မိခင်သေဆုံးမှုများ အား စောင့်ကြပ်ကြည့်ရှု၍ တုန့်ပြန်ဆောင်ရွက်ခြင်း (Maternal Death  Surveillance and Response) ဆန်းစစ်ဆွေးနွေးပွဲနှင့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် (ပထမ ၆လ)အတွင်း မိခင်သေးဆုံးမှုများအား ဆန်းစစ်ဆွေးနွေးပွဲတို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးနံနက်ပိုင်းတွင်  တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်(မိခင်ကျန်းမာ) ဒေါက်တာသော်ထက်ဇင်က မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မိခင်သေဆုံးမှုများအား ဆန်းစစ်တွေ့ရှိချက်များနှင့် သေးဆုံးရသည့်အကြောင်းအရင်းနှင့် နှောင့်နှေးမှု အကြောင်းအရင်းများသတ်မှတ်ရန်လိုအပ်သော မိခင်သေဆုံးမှုများအား တင်ပြရာ တက်ရောက်လာသော သားဖွားမီးယပ်ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။  အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ သားဖွားမီးယပ်ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက မိခင်သေးဆုံးမှုလျော့ချရေး အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ 


     အစည်းအဝေးနေ့လယ်ပိုင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် (ပထမ ၆လ) အတွင်း မိခင်သေဆုံးမှုများအား ဆန်းစစ်တွေ့ရှိချက်များကို တင်ပြပြီး ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများမှ မိခင်သေဆုံးမှုလျော့ချရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အားသာချက်များ၊ အားနည်းချက်များ၊ အခက်အခဲများကို ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးတွင် မိခင်သေဆုံးမှု လျော့ချရေး အတွက် ဆောင်ရွက်ရန် အစီအစဉ်များကို တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြပါသည်။  ၎င်းအစည်းအဝေးတွင် ဆေးတက္ကသိုလ်၊မန္တလေး သားဖွားမီးယပ်ပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာသင်းသင်းမြတ် ဦးဆောင်သော မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ကုတင်(၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံကြီးမှ သားဖွားမီးယပ်ပါမောက္ခ ဆရာဝန်ကြီးများ၊ မိခင်သေဆုံးမှုနှင့် နှီးနွယ်ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး၊ ဒုတိယ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags