မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်းရှိ Community Volunteers များအတွက် HIV/ AIDS နှင့်ပတ်သက်သော နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းကျင်းပ

မန္တလေး၊ ဒီဇင်ဘာလ (၁၈)

     မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသား​ရောဂါတိုက်ဖျက်ရေး အဖွဲ့(မန္တလေး) သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်းရှိ Community Volunteers များအတွက် HIV /AIDS နှင့်ပတ်သက်သော နှစ်သိမ့်ဆွေးနွေး ပညာပေး သင်တန်းကို ဒီဇင်ဘာလ (၁၈)ရက်နေ့မှ (၁၉) ရက်နေ့အထိ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


 

     အဆိုပါသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ ဒေါက်တာ သန်းသန်းမြင့် မှ အဖွင့်အမှာစကား ပြောကြားရာတွင် HIV/AIDS နှင့် ကာလသားရောဂါနှင့် ပတ်သက်သော ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုအခါ စောစောစစ်၊ ​စောစောသိ၊ စောစောကု (Test & Treat Strategy) ဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်သည့် အတွက် ပြည်သူလူထုနှင့် ဦးတည်အုပ်စုများအတွင်း ပညာပေးလုပ်ငန်းများနှင့်အတူ နှစ်သိမ့် ဆွေးနွေးပညာပေး၍ သွေးစစ်ဆေးမှုလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ယခု သင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း ၊ စေတနာ့ဝန်ထမ်း (Community Volunteers) များ အနေနှင့် ယခုသင်တန်း (၂) ရက်တာအတွင်း သင်တန်းဆရာများ၏ ပို့ချလမ်းညွှန်ချက်များ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များ ၊ SOP များ အတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ သင်တန်းပြီးပါက မိမိသက်ဆိုင်ရာ မြို့နယ်များတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်းများနှင့် HIV/AIDS ပညာပေးလုပ်ငန်းများကို အဓိက ဆောင်ရွက်သွားကြ ရန်နှင့် HIV ပိုး ရှိ/မရှိ သွေးစစ်ဆေးခြင်းအတွက် သူနာပြုသားဖွားဆရာမများ ၊ ဓာတ်ခွဲခန်းမှ တာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     သင်တန်းဆရာများအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ခရိုင်များမှ တာဝန်ခံ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီးများ ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များမှ ပို့ချခဲ့ပြီး ၊ အောင်မြေသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် ၊ အမရပူရမြို့နယ် ၊ တံတားဦးမြို့ နယ် ၊ ပျော်ဘွယ်မြို့နယ် ၊ ရမည်းသင်းမြို့နယ် ၊ ညောင်ဦးမြို့နယ် တို့မှ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

More Tags