မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော UN Agencies, INGO / NGO, CBOs များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး                 နိုဝင်ဘာ (၂) ရက်

     မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော UN Agencies , INGO / NGO , CBOs များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Coordination Meeting with UN Agencies, INGO / NGO & CBOs - Mandalay Region) ကို (၂-၁၁-၂၀၁၈) နံနက် (၉:၃၀)တွင် မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။


 

     အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း (၁၂) ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က တိုင်းဒေသကြီးအတွင်း ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ ဆောင်ရွက်မှု အားကောင်းစေရန် ရည်ရွယ်ပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးတင်ပြနိုင်ရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ကျန်းမာရေးကဏ္ဍ၏ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နင်းရေး လုပ်ငန်းများတွင် ၎င်းတို့၏ ဆောင်ရွက်ချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

 


 

     တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံ ဆရာဝန်ကြီးများ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ၊ HIV / ကာလသား၊ TB၊ ငှက်ဖျား/ သွေးလွန်တုပ်ကွေး၊ တိုးချဲ့ကာကွယ်ဆေး) များမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ နိဂုံးချုပ်အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လုပ်ငန်းဆောင်ရွက်များနှင့် ပတ်သက်၍ (၃) လပတ် အစီရင်ခံစာများကို ပုံမှန်ပေးပို့ရန်၊ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ တာဝန်ခံများမှတဆင့် တင်ပြဆောင်ရွက်ရန်နှင့် (၆) လ တစ်ကြိမ် ပုံမှန်ညှိနှိုင်း အစည်းအဝေးများ ကျင်းပပြုလုပ်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

More Tags