မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ဘက်စုံစေတနာ့ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် ငှက်ဖျားလူနာသတင်းပေးပို့ခြင်း သင်တန်းပေး

မန္တလေး၊ မေလ(၂၄)ရက်

     မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ပြည်သူလူထု အခြေပြု ဘက်စုံစေတနာ့ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် ငှက်ဖျားလူနာ သတင်းပေးပို့ခြင်းသင်တန်း (Malaria Case-Based Reporting) ကို  မေလ(၂၃) ရက်နေ့မှ (၂၄)ရက်နေ့ အထိ  တိုင်းဒေသကြီး ရပကန(ငှက်ဖျား) အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာတင့်ဝေနှင့် အဖွဲ့က သင်တန်းပေးပို့ခဲ့ပါသည်။


 

     အဆိုပါသင်တန်း ပေးပို့ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်း  ငှက်ဖျား ရောဂါကင်းဝေးရေးရည်မှန်းချက် ပြည့်မီရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် ငှက်ဖျားလူနာနှင့်ပတ်သက်သော သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် ဖြစ်ကြောင်း  သိရှိရပါသည်။

More Tags